ဦးနှောက်နှင့် ခန္ဓာကိုယ်ရဲ့ နေ့စဉ်ဇီဝရုပ်ဖြစ်ပျက်ခြင်းနှင့် လုပ်ငန်းဆောင်တာတွေမှာ မရှိမဖြစ် အရေးကြီးလှတဲ့ ဗီတာမင် ဘီအုပ်စု (B1,B2,B3,B5,B12) ကြွယ်ဝစွာပါဝင်သည့်အပြင် သာမန် ဗီတာမင် ဘီ အားဖြည့်ဆေးးများနဲ့ မတူဘဲ ဗီတာမင် စီယ Folic Acid, Potassium, Magnesium, Biotin နှင့် Zinc ဓာတ်တို့ပါ အချိုးကျပါဝင်ပေါင်းစပ်ထားသောကြောင့် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်ပမာဏကို ထိရောက်စွာ ဖြည့်စွက်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီ ချို့တဲ့ပါက ခေါင်းကိုက်၊ ခေါင်းမူး မကြာခဏဖြစ်ပြီး အာရုံကြောအားနည်းခြင်း၊ စိတ်ကျလွယ်၊ ဒေါသထွက်သွယ်ခြင်း၊ ပင်ပန်းအားအင်ချည့်နဲ့ နေခြင်း၊ ဆီးချိုရောဂါသည်များအဖို့ ခြေလက်များထုံကျင်ခြင်း စတာတွေခံစားနိုင်ပါတယ်။ အရက် အလွန်အကျွံသောက်သူ၊ ဆီးချိုရောဂါသည်၊ အသက်အရွယ်ကြီးရင့်သူ၊ နေ့စဉ် စိတ်ရောလူပါ နှစ်ပြီး အလုပ်လုပ်နေရသူတို့ အစဉ်အမြဲ တက်ကြွလန်းဆန်းမှု ရှိနေစေရန် သောက်သုံးပေးဖို့ လိုအပ်လှပါတယ်။
ဆေးညွှန်း
-တစ်ခါသောက်တစ်လုံး၊ တစ်နေ့ ၂-၃ ကြိမ် အစားစားပြီး သောက်ပါ။ ရေရှည်စွဲသောက်နိုင်တယ်။ ဝါးစားတာ၊ အမှုန့်ကြိတ်တိုက်တာတွေက ဆေးအာနိသင်ကို လျော့ပါးစေမယ်။ ကိုယ်ဝန်ဆောင်တွေတစ်နေ့ တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်တယ်။ -ပါဝင်တဲ့ ပမာဏဟာ လိုတာထက်ပိုများလို့ ကလေးတွေမှာ သတိထားတိုက်ကျွေးရမယ်၊ Vitamin B6 ပါတဲ့ အားဆေးတွေကို L-Dopa ဆေးနဲ့ တွဲမသောက်သင့်ဘူး၊ L-Dopa ရဲ့ အာနိသင် ယုတ်လျော့စေမယ်။ ဆရာဝန်ညွှန်ကြားသလို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။
တည်ထောင်ခြင်း - ကုမ္ဗဏီတည်ထောင်သူ Maurice Blackmores သည် 1932 ခုနှစ်တွင် Autralia Brisbane မြို့၌ ကျန်းမာရေးအားဆေးဆိုင်ဖွင့်လှစ်ခဲ့သည်။
အောင်မြင်မှုများ - 1951 ခုနှစ်တွင် Maurice Blackmores သည် ထူးချွန်ထက်မြတ်သော “Food Remedies” စာအုပ်ကိုပုံနှိပ်ထုတ်ဝေခဲ့ပြီး ယခုနေ့ထိအုပ်ရေသန်းပေါင်းထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်သည် ပြည်သူလူထုအား ကျန်းမာရေးအစားအစာနှင့် သဘာဝကုသမှုအသိအမှတ်ပြုခြင်းကိုတိုးတက်စေခဲ့သည်။
ဈေးကွက်ဝင်ခြင်း - 1958 ခုနှစ်တွင် Blackmores သည် Australia ၌ ဈေးကွက်ဝင်ကုမ္ဗဏီဖြစ်ခဲ့သည်။
ဂုဏ်ပြုခြင်း - 2007 ခုနှစ်တွင်ထိုင်းနိုင်ငံ “Reader Magazine” မှ “စိတ်ချရသောတံဆိပ်”ဟု ဆုရရှိခဲ့သည်။
အာဏပိုင် - 2011 ခုနှစ်တွင် Blackmores သည် Australia နှင့် ထိုင်းနိုင်ငံတွင် “Reader Magazine” မှ “ယုံကြည်စိတ်ချရသောတံဆိပ်”ဟုဂုဏ်ပြုဆုရရှိခဲ့ပြီး Malaysia တွင် “Super Brand” ဆုကြီးကိုရရှိခဲ့သည်။
တရုတ်နိုင်ငံ - 2013 ခုနှစ်တွင် တရုတ်နိုင်ငံရှိ Retail စတိုးပေါင်း (၁၁၀၀)တွင်ဝင်ရောက်ခဲ့ပြီး မြို့ကြီး (၁၄)မြို့ သို့ ရောင်းချခဲ့သည်။
Blackmores သည်နိုင်ငံခြားနာမည်ကျော်တံဆိပ်ဖြစ်ပြီး ဆုပေါင်းများစွာရရှိခဲ့သည်