OZ Refund Policy


ပစ္စည်း ပြန်အမ်း၊ ပြန်လဲလှယ်ရာ စည်းမျဉ်း

OZ House သည် အသုံးမပြုရသေးသော၊ ပါကင်မဖောက်ရသေးသော ပစ္စည်းကိုပြန်အမ်း၊ ပြန်လဲပေးမည်။ ပစ္စည်းသည် အော်ဒါပါ လိပ်စာသို့ ရောက်ရှိပြီးနောက် ရုံးတတ်ရက် ၇ ရက်အတွင်း ပြန်အမ်း၊ ပြန်လဲလှယ်ရမည်။ သတိပြုရန်မှာ အသုံးပြုပြီး သို့မဟုတ် ပါကင်ဖောက်ပြီးသော ပစ္စည်းကို OZ House မှ ပြန်အမ်း၊ ပြန်လဲပေးမည်မဟုတ်ပါ။ ပါကင်ထုပ်ပိုးမှုများဖြစ်သည့် ပလတ်စတစ်ပါကင် နှင့် အတုအပ ကာကွယ်သော ချိတ်ပိတ်တံဆိပ်သည် အကောင်းပကတိအတိုင်း ရှိနေရမည်။ သို့မဟုတ်လျှင် ၎င်းပစ္စည်းကို ပြန်လည်ရောင်းချရန် မသင့်လျှော်သော ပစ္စည်းအဖြစ် သတ်မှတ်ပြီး ကျွန်ုပ်တို့၏ ပစ္စည်း ပြန်လဲဌာနမှ ၎င်းပစ္စည်းကို ပြန်လဲပေးမည် မဟုတ်ပါ။ ထို့ပြင် လူကြီးမင်း၏ တောင်းဆိုမှုအတိုင်း ၎င်းအသစ်လဲလှယ်သည့်ပစ္စည်းကို လူကြီးမင်းထံသို့ ပြန်ပို့ပေးမည်။ ထိုအတွက်ကြောင့် ဖြစ်ပေါ်လာသော ပို့ခနှင့် စရိတ်များကို လူကြီးမင်းမှ ကျခံရမည်။ ပြန်အမ်း၊ ပြန်လဲလိုသော ပစ္စည်း၏ ပူးတွဲပါပစ္စည်းများ သို့မဟုတ် သက်ဆိုင်ရာ ပူးတွဲပစ္စည်းများ၊ လက်ဆောင်များ စသည်တို့ကို လဲလှယ်သော ပစ္စည်းနှင့် တပါတည်း ပြန်ပေးရမည်။

Discount ချသော ပစ္စည်းများကို ပြန်အမ်း၊ ပြန်လဲခွင့် မရှိပါ။ ပစ္စည်း ပြန်အမ်း၊ ပြန်လဲလိုပါက website မှသော်လည်းကောင်း ဖုန်း 09785250199 ကို ဆက်သွယ်ပြီးသော်လည်းကောင်း လုပ်ဆောင်နိုင်သည်။ ပစ္စည်းပြန်အမ်း၊ ပြန်လဲရန် လျှောက်ထားမှုကို ခွင့်ပြုချက်ရသည်နှင့် ကျွန်ုပ်တို့သည် လူကြီးမင်းအား ဆက်သွယ်ပြီး ပစ္စည်း ပြန်အမ်းရန် သို့မဟုတ် လဲလှယ်ရန် ကိစ္စများကို အမြန်ဆုံး စီစဉ်ပေးပါမည်။ (သာမန်အားဖြင့် ရုံးဖွင့်ရက် ၇ - ၁၀ ရက်ခန့် လိုအပ်ပါသည်။)

ပြန်အမ်းရန် ခွင့်ပြုချက် ရရှိခဲ့သော ငွေကို လူကြီးမင်း နဂိုက ပေးချေသော ပုံစံအတိုင်း ပြန်အမ်းပေးမည်။ OZ House သည် ကုန်ပစ္စည်း၏တန်ဖိုးကိုသာ ပြန်အမ်းပေးမည်ဖြစ်ပြီး ပစ္စည်းပြန်အမ်းခြင်း၊ လဲလှယ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပို့ခကို ပြန်အမ်းပေးမည် မဟုတ်ပါ။

တိုင်ကြားရန်။ OZ House အား အကြံပြုချက် ပေးလိုလျှင် သို့မဟုတ် အဆင်မပြေမှုများ ရှိလျှင် ကျွနု်ပ်တို့၏ အောက်ပါ အီးမေးလ်သို့ တိုင်ကြားနိုင်ပါသည်။

admin@ozhouse.com.mm

Ph : 09795857449