Q - OZ House က ပစ္စည်းလေးတွေဝယ်တဲ့အခါ ပြန်လဲလို့ရလား❓

A - ဟုတ်ကဲ့ အဆင်မပြေတဲ့အချက်လေးတွေရှိရင် ဝယ်ပြီး ( ၇ ) ရက်အတွင်းဆို ပစ္စည်းပြန်လဲပေးပါတယ်ရှင့်။

ဥပမာ -

✅ ပစ္စည်းလက်ခံရရှိတဲ့အချိန်မှာ ပစ္စည်းအပြင်ပါကင်ပျက်လာတာ/ ကွဲလာတာ

✅ တစ်ချို့ဆေးလေးတွေ ရာသီဥတုကြောင့် အရည်ပျော်တာ/ အစိုပြန်တာ

✅ exp date အဆင်မပြေတာ စသည့်အချက်များဖြစ်ခဲ့ရင် ဝယ်ပြီး ၇ ရက်အတွင်း ဆိုပြန်လဲပေးပါတယ်ရှင့် ( ၇ ရက်နောက်ပိုင်းမှ အကြောင်းကြားတဲ့ ပစ္စည်းများကိုတော့ ပြန်မလဲပေးပါဘူးနော် )

✅ ပစ္စည်း error မရှိပဲ လက်လီဝယ်သူဖက်မှ အကြောင်းအမျိုးမျိုးကြောင့် လဲပေးဖို့ request လုပ်ခဲ့ရင် ဝယ်ပြီး ( ၇ )ရက်အတွင်းဆို ပြန်လဲပေးမှာဖြစ်ပြီး ပစ္စည်းပြန်ယူ ပြန်ပို့ခကို ဝယ်သူဖက်မှ ကျခံပေးရပါမယ်။

✅ ပါကင်ဖွင့်ထားချင်းမရှိပဲ နဂိုမူလအနေအထားတိုင်းရှိမှသာ ပစ္စည်းပြန်လဲပေး မည်ဖြစ်ပြီး ငွေပြန်အမ်းပေးမည်မဟုတ်ပါ။ ( ပြန်လဲလိုတဲ့ ပစ္စည်းနှင့်ပူးတွဲပါပစ္စည်းများကိုလည်း တစ်ပါတည်း ပြန်ပေးရပါမည်။ )

လက်ကားသမားများ ပစ္စည်းပျက်စီးချို့ယွင်းတာမဟုတ်ပါက ပစ္စည်းပြန်လဲမပေးပါ။

လက်ခံရရှိချိန်မှာ ပစ္စည်းများကို Delivery ရှေ့တွင် တစ်ခါတည်းဖောက်စစ်ပေးရပါမည်။

✅ ဘောင်ချာတစ်စောင် ၃၀၀၀၀ (ပို့ခမပါ) ပြည့်တာနဲ့ တစ်ထောင်ပွိုင့်ရပြီး ပွိုင့်တွေကို OZ House Website > www.ozhouse.com.mm မှာ Digital နည်းနဲ့ထည့်ပေးပါတယ်။

ကိုယ်တိုင်စစ်လို့ရပြီး လဲချင်တဲ့ပစ္စည်းတွေကိုလည်း ကိုယ်တိုင်၀င်လဲလို့ရပါတယ်။

✅ ပွိုင့်ဘယ်ချိန်ပေါင်းပေးလဲ ? Oz House မှဘောက်ချာထုတ်ပြီး နောက်နေ့ ညနေလောက်ဆို စစ်ကြည့်လို့ရပါပြီရှင်။ ပွိုင့် လက်ဆောင်လေးတွေက အရေအတွက်ကန့်သတ်ထားလို့ တစ်ခေါက်နဲ့တစ်ခေါက် ပစ္စည်းတွေမတူနိုင်တာမို့ လိုချင်တာလေးတွေရှိရင် မြန်မြန်လဲဖို့တော့လိုပါတယ်နော် ။

ပွိုင့်လဲရင် တစ်ပတ်ကိုတစ်ကြိမ် တစ်ကြိမ်ကို ၅၀၀၀ တန်ပွိုင့်အထက်ဆိုပစ္စည်းတစ်ခုလဲနိုင်ပြီး ၅၀၀၀ တန်ပွိုင့်အောက်ဆို ပစ္စည်း ၅ ခုအထိသာလဲလှယ်နိုင်ပါသည်။ ငွေသားဖြင့်လဲ ၅၀၀၀ အထိခုနှိမ်နိုင်ပါတယ်။ (၁၀၀၀ ပွိုင့် = ၁၀၀၀ ကျပ်) ၊ လက်ဆောင်လဲတာကတော့ပိုတန်ပါတယ်နော်။

Q - OZ House မှာMember ဘယ်လိုဝင်ရမလဲ❓

A - 30000 နဲ့အထက်ဝယ်သူတိုင်းကို Member အဖြစ် စာရင်းသွင်းပေးပါသည်။

ဘောက်ချာတစ်စောင် 30000 ပြည့်လျင် ပွိုင့် ၁၀၀၀ ရပြီး နောက်တစ်ကြိမ်ဝယ်ယူမှုတွင် သတ်မှတ်လက်ဆောင်များနှင်လဲလှယ်ခြင်း ( သို့ )ငွေသားနှိမ်နိုင်ပါသည်။