သုံးစွဲနိုင်သူများ - ၃ နှစ်မှ ၁၂ နှစ်အရွယ်ကလေးများ
အပူချိန် ၉ဝ ဒီဂရီအောက်တွင် ရှင်သန်နိုင်သော တမျိုးတည်းသော လူကို အကျိုးပြုသော အဏုဇီဝ ဖြစ်သည်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်။ အသက်ရှူလမ်းကြောင်း ကူးစက်ခြင်းကို လျှော့ချပေးသည်။ အူလမ်းကြောင်း IBS ရောဂါ လက္ခဏာများကို သက်သာစေသည်။ antibiotics ကြောင့် ပျက်စီးသွားသော အကျိုးပြု အဏုဇီဝများကို ပြန်လည် ဖြစ်ပေါ်လာအောင် ကူညီပေးသည်။ အာဟာရဓာတ်များကို ချေဖျက် စုပ်ယူရာတွင် အထောက်အကူပြုပြီး အူလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းပေးသည်။
သုံးစွဲနည်း - တစ်နေ့လျှင် 1-2g (သို့) ဆရာဝန်ညွန်ကြားချက်အရ သောက်သုံးရန်။ အစာမစားမီ ရေ၊ နို့ချဉ်၊ ရေခဲခြစ်၊ အသီးဖျော်ရည်၊ အစာထဲသို့ ရောထည့်ပြီးသုံးစွဲရန်။
Australia တွင် life space သည် အလွန်လူကြိုက်များ၊ နာမည်ကြီးသော Probiotics ကုန်ပစ္စည်းတံဆိပ် ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ မွေးခါစကလေးငယ်နှင့် ကလေး Probiotics သည် ကုန်တူ ပစ္စည်းများအတွင်း ကောင်းမွန်သောတံဆိပ်ဖြစ်သည်။ Life space သည် ဆေးဆိုင်အားလုံးတွင်ရောင်းချ ခြင်းရှိသည်။ Life space တမူထူးခြားသော ဖော်မြူလာသည် သဘာဝကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ် ထားပြီး allergyနည်းပါးကာ additives နှင့် ကြာရှည်ခံဆေးကင်းမဲ့သည်။ တင်းကျပ်ကောင်းမွန်စွာ အုပ်ချုပ်ထုတ်လုပ်ထုပ်ပိုးထားသည့်အတွက် Life space probiotics သည် ရေခဲသေတ္တာထဲ ထည့်သွင်းသိုလှောင်ရန်မလိုအပ်ပါ။
Life Space သည် အသက်အရွယ်လူအုပ်စုအသီးသီးအတွက် ကုန်ပစ္စည်းထုတ်လုပ်ထားသည်- မိသားစုကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်ပေးသည်။