Red Seal Toothpaste
1. Natural SLS free - ၎င်းသည် မိသားစုတစ်ခုလုံးအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပြီး Paraben ပါဝင်ခြင်းမရှိ ဆေးဖက်ဝင်အပင်နှင့် သတ္တုဓာတ်တစ်မျိုး ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ ထိုသို့ပေါင်းစပ်ထုတ်လုပ်ခြင်းအားဖြင့် ပါးစပ်နာခြင်း၊ သွားဖုံးနာကျင်ခြင်းများမှ ကာကွယ်ပေးနိုင်ပြီး အမြှုပ်အနည်းငယ်သာထွက်ပါတယ်။ Zinc Oxide သည် ပါးစပ်တွင်းကို ကျန်းမာစေပြီး Calcium Carbonate သည် သွားတွေကို လှပဖြူဖွေးတောက်ပစေပါတယ်။
2. Smokers - ၎င်းသည် ဆေးလိပ်သောက်သူအတွက် အဓိကထုတ်လုပ်ထားတာဖြစ်ပြီး အစာကြောင့်ဖြစ်စေ၊ အရက်သောက်ခြင်းကြောင့်ဖြစ်စေ၊ ဆေးရွက်ကြီးမှ ပြုလုပ်ထားတဲ့ ဆေးလိပ်ကြောင့်ဖြစ်စေ Dolomite Powder ပါဝင်နေလို့ ရွှေဝါရောင်သန်းနေတဲ့ သွားချေးတွေကို ဖယ်ရှားပေးပြီး သွားတွေကို ဖြူဖွေးစေပါတယ်။ ၎င်းသည်လည်း Paraben ပါဝင်ခြင်းမရှိ ဆေးဖက်ဝင်အပင်နှင့် သတ္တုဓာတ်တစ်မျိုး ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။
3. Herbal - ဒါကတော့ သွားချေးတွေကို တိုက်ဖျက်ဖို့နှင့် သွားပိုးစားခြင်းများမှ ကာကွယ်ပေးရန်အတွက် အထူးထုတ်လုပ်ထားပါတယ်။ Chlorophyll ပါဝင်လို့ ပါးစပ်တွင်း alkaline ဓာတ်ကို ဖြည့်ပေးကာ သန့်ရှင်း လန်းဆန်းစေပြီး သွားပိုးစားခြင်းနှင့် သွားချေးထူထပ်ခြင်းများမှ ကာကွယ်ပေးပါတယ်။ ဒါတွေမက သဘာ၀ ဆေးဖက်ဝင်အပင်များမှ ပြုလုပ်ထားခြင်းကြောင့် ပိုးမွှားများကိုလည်း ဆန့်ကျင်ပေးပါတယ်။ Calcium Carbonate ပါဝင်ခြင်းသည် သွားတွေကို ဖြူဖွေးစေပါတယ်ဗျ။ ဒါကလည်း Paraben ပါဝင်ခြင်းမရှိ ဆေးဖက်ဝင်အပင်နှင့် သတ္တုဓာတ်တစ်မျိုး ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။
4. Baking Soda - ဒါကတော့ ပါးစပ်တစ်ခုလုံးကို လန်းဆန်းမှုပေးစွမ်းနိုင်တဲ့ သွားတိုက်ဆေးဖြစ်ပါတယ်။ Baking Soda ဟာ (stain remover) စွန်းထင်းနေတဲ့အရောင်ကို ဖယ်ရှားပေးခြင်းမှာ ကျော်ကြားနေပါတယ်။ ဒီဟာသည် သွားကြားထဲရှိ သေးငယ်တဲ့ အမှုန်စေ့လေးတွေတောင် ဖယ်ရှားပေးပြီး သွားပေါ်ကပ်တဲ့ ထမင်းကျန် ဟင်းကျန်တွေကိုတော့ အပြီး ဖယ်ရှားပေးပါတယ်။ မီးခိုးရောင်းသန်းနေတဲ့သွား၊ ဘယ်လိုတိုက်တိုက် မကျွတ်တဲ့ သွားချေးတွေကို အခုဘဲ ဖယ်ရှားပြီး အနိုင် အရ ယူလိုက်ပါ။
5. Lemon SLS free - ဒါကတော့ Homeopathics (ဓာတ်ကြမ်း) ခေါ် ပါးစပ်တွင်းအနာရှိခြင်း၊ နာတာရှည်အနာဖြစ်ခြင်း များအတွက် အထူးထုတ်လုပ်ထားပါတယ်။ ဒါကလည်း Paraben ပါဝင်ခြင်းမရှိ ဆေးဖက်ဝင်အပင်နှင့် သတ္တုဓာတ်တစ်မျိုး ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။
6. propolis - ၎င်းသည် ပါးစပ်တွင်း အနာ၊ရောဂါဖြစ်ခြင်းကို သဘာဝအတိုင်း ကာကွယ်ပေးဖို့ နှင့် သွားဖုံးကျန်းမာရေးအတွက် အထူးထုတ်လုပ်ထားပါတယ်။
7. Kids - ကလေးတွေအတွက် အထူးထုတ် လုပ်ထားပါတယ်။ ကလေးများ ကြိုက်နှစ်သက်တဲ့ အရသာနှင့် ပြုလုပ်ထားပြီး သွားဖုံးနှင့် သွားများ ကျန်းမာဖို့ အတွက် သဘာဝဆေးဖက်ဝင် အပင်များမှ ထုတ်လုပ်ထားပါတယ်။ အသုံးပြုပါက သွားများကို ဖြူဖွေးစေပါတယ်။
အသုံးပြုပုံ - အကောင်းဆုံးအဖြေရရှိဖို့အတွက်နှင့် အသက်ရှူလမ်းကြောင်း လန်းဆန်းချင်တဲ့အချိန်တိုင်း ထမင်း/ တခုခုစားပြီးတိုင်း သွားတိုက်ပေးပါ။